ဝမ်းတွင်းမြို့နယ်အတွင်းရှိဒေသခံပြည်သူ(၁၁၈၈)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက် လက်ထိုးနှံပေး

ဝမ်းတွင်း  ဖေဖော်ဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ရှိသူများနှင့်ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Covid19ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်နိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေး အချက်အလက် စာရင်းများ ရေးသွင်းခြင်းများဆောင် ရွက်ခဲ့ပြီးသတ်မှတ် စည်းကမ်းများနှင့် ကိုက်ညီသူများ ကိုကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် FirstDose (၁၉၈)ဦး၊ SecondDose(၉၉၀)ဦးကျန်းမာရေးကောင်းမွန်သူအသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူစုစုပေါင်း (၁၁၈၈)ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင် စေရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန် ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံ ပြည်သူ များကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)