ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အခမ်းအနားတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ်  ဖေဖော်ဝါရီ  ၂၆

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်တတိယဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် တေးသီချင်းသီဆိုမှုပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ ဆုရရှိသူများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင် ဝင်း နှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။ 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှဂုဏ်ပြုအမှာစကားပြောကြားရာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြု ယာဉ်များအား တတိယဆုဆွတ်ခူးနိုင်အောင်ကြိုးပန်းဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသူများနှင့် အဆိုရှင်များအား တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် ထပ်လောင်း ဂုဏ်ပြုခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၊ (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြခန်းများဖြင့် စည်ကား သိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်အောင်ပါဝင် ဆောင်ရွက်ခဲ့ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် (၇၅)  နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင်  ဧရာဝတီတိုင်းဒေသကြီး ဒုတိယဆုရရှိ ဂုဏ်ပြုယာဉ်ပါဝင်ပြသခဲ့မှု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် တေး သီချင်းသီဆိုမှု ပြိုင်ပွဲတွင် ပထမဆုနှင့်   ဒုတိယဆုရရှိခဲ့သည့် ဖျော်ဖြေမှုများနှင့် တိုင်းဒေသကြီး(၇၅)နှစ်မြောက်   စိန်ရတုပြည် ထောင်စုနေ့ပြခန်းများတွင် ဆုရရှိခဲ့သည့် ပြခန်း များ၏ မှတ်တမ်းဓာတ်ပုံများအား Video Clip ဖြင့် ပြန်လည်ပြသခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြု ယာဉ်တတိယဆုရ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဂုဏ်ပြုအလှပြယာဉ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုယာဉ်များနှင့်အတူ သွားရောက် ဖျော်ဖြေခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု အကအဖွဲ့များအားဂုဏ်ပြုဆုများအားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ တူယှဉ်နွှဲပျော်ဂီတပွဲတော် တေးသီချင်း သီဆို မှုပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မဇင်သူသူထွန်းနှင့် ဒုတိယဆုရရှိသည့် မချိုမီမီဇော်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တိုင်းဒေသကြီး(၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ပြခန်းများတွင် ပထမဆုရရှိသည့် အခြေခံပညာ ဦးစီးဌာနပြခန်း အားလည်းကောင်း၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးက ဒုတိယဆုရရှိသည့် သစ်တောဦးစီးဌာန ပြခန်းအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက တတိယဆုရရှိသည့် စိုက်ပျိုးရေးဦးစီးဌာနပြခန်းအား လည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက အထူး ဆုရရှိခဲ့သည့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနပြခန်းနှင့် အသေးစား စက်မှုလက်မှု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက နှစ်သိမ့်ဆုရကျန်းမာရေးဝန် ကြီးဌာနပြခန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနပြခန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြခန်းအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)