ဒေးဒရဲ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့တွင်းသန့်ရှင်း သာယာလှပရေး အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် ကျောင်း သစ်လမ်းထောင့်ရှိ (၄)ထပ်ဝန်ထမ်းအိမ်ယာ အဆောက်အဦဝန်းနှင့် လမ်းဘေးဝဲယာများတွင် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုတွင် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမနှင့် ကျောင်းသစ်လမ်းထောင့်ရှိ (၄) ထပ်ဝန်ထမ်း အိမ်ရာ အဆောက်အဦ ပတ်ဝန်းကျင်ရှိ ရေနှုတ်မြောင်းများတူးဖော်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ပြီး မြို့နယ် စည်ပင် သာယာရေးအဖွဲ့ပိုင် ယာဉ်များ ဖြင့် အမှိုက်များကို ပြန်လည်သိမ်းဆည်းပြီး မြို့တွင်းသန့်ရှင်းသာယာလှပရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)