မိုင်းယန်း ဖေဖော်ဝါရီ ၂၆
အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြို့နယ်မှသည် ကျန်းမာသန်စွမ်းသော အရည်အချင်းပြည့်မီသည့် ထူးချွန်အားကစားသမားများ ဖော်ထုတ်နိုင်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယမန်နေ့ ညနေ ၃ နာရီတွင် မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပွဲ ပထမပွဲစဉ်တွင် ဝိန်းလိတ်အသင်းနှင့် ပါမိုင်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၂)ဂိုးစီဖြင့် ပင်နတီအဆုံးအဖြတ်ဖြင့် ပါမိုင်အသင်းက လေးဂိုးသုံးဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဆီမီးဖိုင်နယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ အားကစားစိတ်ပါဝင်စားသူများ ပျော်ရွင်စွာ လာရောက်အားပေးခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီတွင် ဒုတိယပွဲစဉ်အဖြင့် မီးသတ်ဘောလုံးအသင်းနှင့် တပ်နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အုပ်စု(၃)အုပ်စု၊ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၁)သင်းပါဝင်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)