မိုးကောင်း ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၊ သံဃာနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးခြင်းနှင့် ပြည်နယ်သံဃာ ဝန်ဆောင် အဖွဲ့အဆင့်ဆင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို မိုးကောင်း မြို့ ရိပ်သာကျောင်း ပရိယတ္တိမာမကသံဃာဝါသ လေးထပ်ကျောင်းဆောင်၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သံဃာအဖွဲ့အစည်းအဆင့်ဆင့်အတွက် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများအရ လက်ရှိသံဃာနာယကအဖွဲ့ဝင်များ အနားယူသွားသဖြင့် ပြန်လည်ရွေး ချယ်ရေး အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ နိုင်ငံတော် သံဃာဝန်ဆောင်ဆရာတော်များ၊ ပြည်နယ်သံဃာနာယကဆရာတော်များ၊ ကချင်ပြည် နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးသို့ကြွရောက်တော်မူလာကြသော တိုင်းဒေသကြီး/ ပြည်နယ် သံဃာဝန်ဆောင် ဆရာတော်အမည်စာရင်းကိုဖတ်ကြားခဲ့သည်။
ဆက်လက်၍ သဘာပတိဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွဲဘက် အကျိုးတော် ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက ဩဝါဒကထာ မြွတ်ကြား ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်၏ ဘွဲ့အမည် စာရင်းကိုကြေငြာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထား သည့် သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်း၊ ပြန်လည်ရွေးချယ်ခံရသည့် တိုင်းဒေသကြီး/ ပြည်နယ်သံဃာနာယက ဆရာတော်ဘွဲ့ အမည် စာရင်းကို သဘာပတိဆရာတော်က သာဓု(၃)ကြိမ် ခေါ်ဆိုအတည်ပြုပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)