ဓနုဖြူ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထွန်းလင်းကံရတနာရွှေဆိုင်မှ အလှူငွေကျပ်သိန်း (၁၀၀) ကို ယမန်နေ့ မွန်းလွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အလှူငွေများကို လာရောက်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ် အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မြင့်၊ ဦးလှိုင်ထွန်းလင်းတို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး