မိုင်းလုံ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) အချိန်ခန့်က ပဇီကျေးရွာ အုပ်စု၊ မိုက်ဟုန်းကျေးရွာ အတွင်းရှိ ပြည်သူများကို သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီးတို့က ကျေးရွာနေ ပြည်သူများကို ဦးဆောင်ကာ စုရပ်အဖြစ် ဘုန်းကြီးကျောင်းတွင်သတ်မှတ်၍ ဆောင်ရွက်ရာ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများက အိမ်ထောင်စုအသစ်များ ပြုလုပ်ပေးခြင်း၊ မွေးတိုးများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြန် လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက် ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ အသက် (၁၈) နှစ်အောက် အမျိုးသား (၆) ဦး၊ အမျိုးသမီး (၁၄) ဦး၊ အသက် (၁၈) နှစ်အထက် အမျိုးသား (၂၁) ဦး၊ အမျိုးသမီး (၂၈) ဦး၊ လဲလှယ် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၃) ဦး၊ မိတ္တူ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၇၆) ဦးနှင့် အိမ်ထောင်စု (၂၀) စုတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေး ပြီး ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွန်ချက် နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)