ကျိုင်းတောင်း သြဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ Economic Relief Plan (CERP) အစီအစဉ်အရ စီးပွားရေး ပြန်လည်ကုစားမှုအနေဖြင့် မျိုးစေ့ထုတ်တောင်သူ (၅)ဦး၏ စုစုပေါင်းလယ်ဧက (၁၅)ဧကအတွက် မျိုးစေ့များနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ်တောင်သူ (၅)ဦးအား မျိုးစေ့နှင့် လယ်တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် (၁၄၈၀၀၀)ကျပ်နှုန်း နှင့် လယ်ဧက ၁၅ ဧကအတွက် စုစုပေါင်းငွေကျပ် (၂၂၂၀၀၀၀)ကို ကျိုင်းတောင်းမြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း၊ မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းတန်စိုးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)