တနင်္သာရီမြို့၌အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယ)အကြိမ်ထိုးနှံပေး

တနင်္သာရီ  မတ်လ  ၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးတည် အုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအား ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီလ၂၈ ရက်က ကျန်းမာရေးလမ်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊  အလားတူ တကူတိုက်နယ် ဆေးရုံတွင် တာဝန်ခံ ဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်နှင့်ဝန်ထမ်းများကလည်းကောင်း အသက်(၁၈)နှစ်ပြည့်ပြီး သူများအား တရုတ်နိုင်ငံထုတ် (Sinopharm) (COVID-19) ရောဂါ ကာကွယ်ဆေးဖြင့်(ပဥ္စမ)အသုတ် ဒုတိယအကြိမ်အဖြစ် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ(၆)ဦး၊ စျေးသည် (၁)ဦး၊မှီခို(၄)ဦး၊ပေါင်း(၁၁)ဦး၊(ဆဋ္ဌမ) အသုတ် ဒုတိယအကြိမ် အဖြစ် အခြားဝင်ငွေရရှိသောလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး ၊မှီခိုသူ (၁၄)ဦးပေါင်း(၃၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အလားတူ (Covid Shield) ကာကွယ်ဆေးဖြင့် (ဆဋ္ဌမ)အသုတ် ဒုတိယအကြိမ်အဖြစ် အခြား ဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၇၆)ဦး၊စျေးသည်(၄)ဦး၊မှီခို(၅) ဦး ပေါင်း(၈၅) ဦး၊ (သတ္တမ)အသုတ် (ပထမ)အကြိမ်အဖြစ်အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၈၉)ဦး၊ စျေးသည်(၅၉)ဦး၊ မှီခို(၅၃)ဦး၊ ပေါင်း (၂၀၁)ဦး သို့ပါ၍ ယနေ့တွင်စုစုပေါင်း(၃၃၆) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)