ညောင်ဦး မတ် ၁
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၁၉၄၇၇၉ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးခရိုင်၊ ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာတွင် ကာကွယ် ထိုးပေးလျက် ရှိရာ ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ Sinopharm ဒုတိယအကြိမ် ၇၅၁၂၄ ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ဦး၊ Phase-6 Covisheld ပထမအကြိမ် ၆၇၁၀ဦး၊ Phase-6 Covisheld ဒုတိယအ ကြိမ် ၂၈၂၇ဦး၊ Phase-7 Covisheld ပထမအကြိမ် ၃၆၀၈ဦး၊ Booster Sinopharm (၅၀ )ဦး၊ Phase-7 Sputnik Light (First Doest) ၁၆၃၀ဦး၊ Sputnik Light (Booster)(-)ဦး ၊ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၁၉၄၇၇၉ ဦးထိုးပေးနိုင်ခဲ့ပြီ ဖြစ်ကာဝေးလံသည့် ဒေသများနှင့် လာရောက် ဆေးထိုးရန် မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနထံကသိရသည်။
ကိုထိန်၊KPD