မိုင်းဆတ်မြို့သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲကျင်းပ

မိုင်းဆတ်   ဩဂုတ်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ က သဗ္ဗညုဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က နိုင်ငံအတွင်းရှိ ကလေးသူငယ်များသည် နိုင်ငံ၏ ရင်နှစ် သည်းချာ ကလေးများဖြစ်ပြီး ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး ဆွေးနွေးပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေး က ကလေးသူငယ်ဆိုင်ရာအခြေခံမှုများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများ ကို အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသော ကျောင်းသား/သူများ၊ သာမဏေများနှင့် သီလရှင်များ က သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)