ကျုံပျော် သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော ကိုဗစ် - ၁၉ ၏ စီးပွားရေး ထိခိုက်မှ သက်သာရေး စီမံချက် ( CERP )အရ ပြုလုပ် သည့် မွေးမြူရေး သင်တန်းများအားလုံး ဖွင့်လှစ်ပြီးစီးပြီဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဆွေမူဟန်က ယနေ့နံနက်က ပြောကြားခဲ့သည်။
ဖွင့်လှစ်ခဲ့သည့် သင်တန်းများမှာ ကြက်မွေးမြူရေးသင်တန်း(၃)ခု၊ ဝက်မွေးမြူရေးသင်တန်း(၃)ခု၊ နွားမွေးမြူရေးသင်တန်း(၃)ခု၊ တိရိစ္ဆာန်ကျန်းမာရေးနှင့် စောင့်ရှောက်ရေးသင်တန်း (၂)ခု နှင့် မေထုံမဲ့သားစပ် သင်တန်း (၁)ခုတို့ ပါဝင်ပြီး၊ စုစုပေါင်း သင်တန်း(၁၂)ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းများသို့ ဒေသတွင်းရှိ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် မြို့နယ်အတွင်းရှိ ကြက်ခြေပြာ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းတွင် အောင်မြင်သော မွေးမြူရေးလုပ်ငန်း ဖြစ်ရန် မျိုးကောင်းမျိုးသန့် ရွေးချယ်နည်း၊ မွေးမြူရေးခြံဆောက်လုပ်နည်း၊ အစာအဟာရကျွေးနည်း၊ ရောဂါကာကွယ်ကုသနည်း၊ ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ အနာရောဂါကင်းရှင်းရေး ဆောင်ရွက်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)