အညာဒေသကျေးရွာများတွင် စားသုံးဆီဈေးများမြင့်မားနေသော်လည်း ပုန်းမကြည်ရှင်မ ပူဇော်ပသခြင်းနှင့် အခါမုန့်ပေးပို့ခြင်းများကို ရိုးရာမပျက်ပြုလုပ်

ကျောက်ပန်းတောင်း   မတ်   ၄

အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားသုံးဆီဈေးနှုန်းမြင့်မားနေသော်လည်း၊ နှစ်စဉ်နှစ် တိုင်း ပြုလုပ်ဆောင်ရွက်နေကြဖြစ်သည့် ပုန်းမကြီးရှင် မပူဇော်ပသခြင်းနှင့် အခါမုန့်ပေးပို့ခြင်းများ ပြုလုပ်လျက်ရှိပြီး၊ ပုန်းမကြီးရှင်မ ပူဇော်ပသခြင်းကို တပေါင်းလဆန်း(၃)ရက်ဖြစ်သည့်၊ ယနေ့၊ နံနက်အရုဏ်တက်ချိန်တွင် စတင်ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။

တပေါင်းလဆန်း(၃)ရက်နေ့တွင် ပုန်းမကြည်ဟု တင်စားခေါ်ဆိုသည့် ပုဗ္ဗကြယ်နတ်ကို တောင်သူ လယ်သမားကိုင်းကျွန်းလုပ်ကိုင်သူများ ပူဇော်ပသသည်ဟု အဆိုရှိပြီး၊ အချို့ဒေသများတွင် ပုန်းမကြည်ရှင်မ(ဘုရားရှင်လက်ထက်မှ အစပြုသည့် ရာဇဝင်လာဘီလူးမ)ကို ပူဇော်ပါသကြခြင်းဖြစ်ကြောင်းသိရသည်။တပေါင်းလမတိုင်မီအညာဒေသ တောင်သူများလယ်ယာလုပ် ငန်းခွင်ပြီးဆုံး၍ ကောက်နှံစပါးသိမ်းပြီးချိန်၊ အလှူပွဲလမ်းများ ပြုလုပ်ကြပြီး၊  နှစ်စဉ် နှစ်တိုင်း တပေါင်းလဆန်း(၁)ရက်၊(၂)ရက်နှင့် (၃)ရက်နေ့များတွင် တိုက်ခတ်သည့်လေ၏ အခြေအနေကို ကြည့်၍လာမည့်နှစမိုးကာလအခြေအနေကို ခန့်မှန်းတွက်ချက် လေ့ရှိကြကြောင်းသိရသည်။ တပေါင်းလဆန်း (၁)ရက်နေ့ လေတိုက်ခတ်မှုအခြေအနေအရ မိုးဦးကောင်းမကောင်း၊ လဆန်း(၂) ရက်နေ့လေတိုက်ခတ်မှု အခြေအနေကိုကြည့်၍ မိုးလယ်ကောင်းမကောင်းနှင့် လဆန်း(၃)ရက်နေ့ဖြစ်သည့ပုန်းမကြည်မှောက် သည့်နေ့တွင်တိုက်ခတ်သည့်လေအခြေအနေကို ကြည့် ၍ မိုးနှောင်းကောင်း မကောင်းတို့ကို တောင်သူဦးကြီးများကရှေ့အစဉ် အဆက်ပင် ခန့်မှန်းတွက်ချက်ခဲ့ကြ ခြင်းဖြစ် ကြောင်းသိရသည်။ အဆိုပါတပေါင်း လဆန်း(၃)ရက်နေ့တွင် တောင်သူဦးကြီးများ၏ ပုန်းမကြည် မှောက်ခြင်းအလေ့အထကို ရှေးယခင်ကတည်းကပင် ရိုးရာအစဉ်အလာတစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပ လာခဲ့ ကြခြင်းဖြစ်ပြီး၊ တောင်ယာလုပ်ငန်းများအဆင်ပြေစေရန်၊ သီးနှံအထွက်နှုန်းကောင်းစေရန်နှင့် စီးပွားဥစ္စာ၊လာဘ်လာဘများတိုး တက်ပွားများကြစေရန်၊မိသားစုများကျန်းမာ ရေးကောင်းစေရန်ရည် သန်၍ ပြုလုပ်ကြခြင်းဖြစ်ကြောင်းသိရပြီး၊ ပုန်းမကြည် ရှင်မပူဇော်ပသရာတွင်ထမင်း၊ ပဲကြီးဥ၊ ငါးခြောက် ကြော်၊ မုန့်ဆီကြော်အဖြူ/အနီ၊ လဘက်စသည့်ခဲဘွယ်များပါရှိပြီး၊ မုန့်ဆီကြော် ပြုလုပ်ရာတွင် ပဲမုန့်ကြော်နှင့် ဆန်မုန့်ကြော်များ ပါရှိ၍ ဆန်မုန့်ကိုရွှေလက်ကောက်၊ငွေလက်ကောက်၊လူရုပ်၊စသည့်အရုပ်ငယ်များပြုလုပ်၍ ကြော်ကြပြီး၊ ရွှေ/ငွေများ ပေါများစွာရရှိစေရန် ထည့်သွင်းပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

အညာတောင်သူများမှာ လဆန်း(၁)ရက်(၂)ရက်နေများမှစ၍ အခါမုန့်ခေါ် မုန့်ဆီကြော် ကြော်ခြင်းကို တစ်ပျော်တပါး စုပေါင်းပြုလုပ်ကြ၍ တစ်အိမ်နှင့်တစ်အိမ် တစ်ရွာနှင့်တစ်ရွာ ပေးကမ်းခြင်းနှင့် မြို့ပေါ်ရှိ ဆွေမျိုးမိတ်ဆွေများထံပေးပို့ခြင်း အလေ့အထကို နှစ်စဉ်ဆောင်ရွက်နေကြဖြစ်သဖြင့် ယခုနှစ်တွင် စားသုံးဆီ ဈေးနှုန်း ကြီးမြင့်နေသော်လည်းအခါမုန့်ကြော်ခြင်းနှင့် မုန့်ဝေခြင်း၊ ပုန်းမကြည်ရှင်မ ပူဇော် ပသခြင်းတို့ကို ရိုးရာမပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)