တနင်္သာရီမြို့အဝင်/အထွက် တံတားထိပ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအလှည့်ကျစစ်ဆေးဆောင်ရွက်

တနင်္သာရီ မတ်လ ၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှု ဖြင့် တနင်္သာရီမြို့ အဝင်/အထွက်နေရာ တနင်္သာရီတံတားထိပ် နဂါးရုပ်တုအရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ကူးစက်မြန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်အလှည့်ကျ ဌာနဆိုင်ရာအဖွဲ့ ကနေ့စဉ်ဆောင်ရွက်လျက်ရှိရာ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲမှစ၍ ညနေ ၄ နာရီခွဲအချိန်အထိ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ခရီးသွား မိဘ ပြည်သူများအား ကျန်းမာရေး ကောင်းမွန်မှုရှိ/မရှိကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံပြီးကြောင်းအထောက်အထား (သို့) လက်မှတ်ပါ/မပါစစ်ဆေးခြင်း များကိုအရှိန်ဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 ယနေ့ တနင်္သာရီတံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ဒုဦးစီးမှူးဦးမျိုးပြည့်ထွန်းနှင့်စာရေးဝန် ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူး ပေါင်းအဖွဲ့က အလှည့်ကျစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ကြရာ ခရီးသည်တင်မော်တော်ယာဉ် (၁၅)စီး၊အိမ်စီးမော်တော်ကား(၁၀)စီး၊ ကုန်ကား(၆)စီး၊ ဆိုင်ကယ်(၅၀) စီးနှင့်အတူခရီးသွား အမျိုးသား (၆၄)ဦးနှင့်အမျိုးသမီး(၆၄)ဦး စုစုပေါင်း(၁၂၈)ဦးတို့ အားကိုယ်အပူချိန်တိုင်းပေးခြင်း၊ ခရီးသွားပါကကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကိုင် ဆောင်သွားလာကြရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို မဖြစ်မနေဝတ်ဆင်၍ ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာကြပါရန် အသိပညာ ပေးမှာကြားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)