ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၂၀၁၀၀၁)ဦး ရှိပြီဖြစ်

ကျောက်ဆည်   မတ်လ    ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက် ထိုးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကာကွယ်ဆေး (၂၀၁၀၀၁)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး ပြီးသူ (၁၉၁၇၉)ဦး၊ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူ အသက်(၁၂)နှစ် အထက်ကျောင်းသား/ကျောင်းသူ(၁၅၉၅၂)ဦးနှင့် ပထမအသုတ်တွင်(၂၈၇၂၇)ဦး၊ ဒုတိယအသုတ်တွင် (၅၂၃၇၅)ဦး၊ တတိယအသုတ်တွင် (၂၇၈၃၂)ဦး၊ စတုတ္တအသုတ်တွင်(၃၄၂၁၆)ဦး၊ ပဉ္စမအသုတ်တွင် (၁၀၆၂၁)ဦး၊ ဆဋ္ဌမအသုတ်တွင်(၁၀၈၇၂)ဦး၊ သတ္တမအသုတ် ပထမအကြိမ် တွင်(၁၂၂၇)ဦး စုစုပေါင်း (၂၀၁၀၀၁)ဦးထိုးနှံပြီး ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့်ပြည်သူများအား ထပ်ဆောင်း Booster ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရ သည်။

သက်မောင်(ကျောက်ဆည်)