သာစည် မတ် ၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ၂၀၀၀ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
စာစစ်ဌာန ၅ ခုမှာ သာစည်၊ ညောင်ရမ်း၊ ဟံဇား၊ ယင်းမာပင်နှင့် မယ်ဇလီကန်တို့ဖြစ်ကြပြီး သာစည်စာစစ်ဌာနတွင် ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်း သား/သူ ၄၈၉ ဦးနှင့်ပြင်ပမှ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/သူ၂၇၉ ဦးစုစုပေါင်း ၇၆၈ ဦး၊ညောင်ရမ်းစာစစ်ဌာနတွင် ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသား/သူ ၂၈၇ ဦးနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ၁၀၇ ဦးစုစုပေါင်း ၃၉၄ ဦး၊ ဟံဇားစာစစ်ဌာနတွင်ကျောင်းတွင်းမှဖြေဆိုမည့် ကျောင်းသား/သူ ၂၀၇ ဦးနှင့်ပြင်ပမှ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/သူ ၁၁၇ ဦး စုစုပေါင်း ၃၂၄ ဦး၊ ယင်းမာပင်စာစစ်ဌာနတွင် ကျောင်းတွင်း မှ ဖြေဆိုမည့် ကျောင်းသား/သူ ၁၅၅ ဦးနှင့်ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ၅၉ ဦး စုစုပေါင်း ၂၁၄ ဦး၊ မယ်ဇလီကန်စာစစ်ဌာနတွင် ကျောင်းတွင်းမှဖြေဆိုမည့်ကျောင်းသား/သူ ၂၃၁ ဦးနှင့်ပြင်ပမှဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ၆၉ ဦးစုစုပေါင်း ၃၀၀ ဦးတို့ရှိကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ယခင်ဖြေဆိုသည့်နှစ်က စာစစ်ဌာန ၆ ခုဖြင့် ဖြေဆိုခဲ့ပြီး ယခုနှစ်တွင် စာစစ်ဌာန ၅ ခုဖြင့် ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)