မိတ္ထီလာ မတ်လ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာ သင်တန်း အမှတ်စဉ် (၇/၂၀)သင်တန်းဆင်းပွဲကို ယနေ့ နံနက် က မိတ္ထီလာဒီဂရီကောလိပ်ရှိ ပညာ ပါရမီခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာအတက်သင်အရည်အသွေး ပြည့်ဝပြီး ဆရာကောင်းဆရာမွန်များအဖြစ် ကောင်းစွာသင်ကြားလေ့ကျင့်အောင်မြင်ခဲ့ကြကြောင်း အသိအမှတ်ပြုပြီး ဆရာစိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ဆရာဆရာမဖြစ်တဲ့ မောင်တို့မယ်တို့ဟာ ကောင်း မြတ်သော စိတ်စေတနာ အရင်းခံပြီး ဝါသနာ၊ စေတနာနဲ့ အနစ်နာခံတက်သော ပညာရေး ဝန်ထမ်းများအဖြစ် မြန်မာ့လူ့ဘောင်မှာ ဆရာဂုဏ်ရောင် အစဉ်ထွန်းပြောင်အောင် စွမ်းဆောင်ကြစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေး ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်နှင့် အခြေခံပညာ အရည်အသွေးမြင့်မားလာစေရေး ဆရာဆရာမများ ကျောင်းသားကျောင်းသူများ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်မှာ ပညာတက်များ ပေါများအောင် ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က အမြဲလမ်းညွှန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းဆင်း ဆရာဆရာများအနေဖြင့် ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာဘာသာရပ်များ သင်ကြားပေးရုံသာမက ဘဲ မင်္ဂလာတရား၊ ဂါတဝတရားနဲ့အညီ ပြောဆို ဆက်ဆံ တက်စေရေး၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ ဆက်လက်ထိန်းသိမ်းရေးအတွက် အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူတိုင်းစည်းကမ်းလိုက်နာမှ တိုးတက်မှာဖြစ်သလို ကျောင်းသားကျောင်းသူများ စည်းကမ်းကောင်းမွန်အောင် လေ့ကျင့်ပေး ကြစေလိုကြောင်း၊ တီထွင်ဖန်းတီမှု၊ ပူးပေါင်း ဆောင်ရွက်တက်မှု၊ နိုင်ငံသားကောင်းပီသမှု၊ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းတက်မှု စသည့် ၂၁ ရာစု ကျွမ်းကျင်မှုစွမ်းရည်များ ရရှိစေရန်အတွက် သင်ရိုးများကို ပြုပြင်ပြောင်းလဲပြီး သင်ယူနည်းများကိုလည်း သင်တန်းများပို့ချကာ ပညာရေးကဏ္ဍမြင့်မားလာ အောင် နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မူလတန်းဆရာ အတက်ပညာသင်တန်းဆင်းလက်မှတ်များအား သင်တန်း ဆင်း ဆရာဆရာများအား အသီးသီးပေး အပ်ခဲ့ပြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ တာဝန်ခံကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက မူလတန်းအတက် ပညာ သင်တန်းလက်မှတ် အပ်နှင်းပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)