ရမည်းသင်း မတ် ၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကလေး သူငယ်အခွင့် အရေးများ ဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက အမှာစကားပြောကြားပြီး ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းကကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်(၇)ရပ်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားကာ မြို့နယ်တရားသူကြီး ဦးနော်ဂျာအောင်က မြို့နယ်အတွင်း အလေးသူငယ်နှင့်ပတ်သက်၍ အမှု(၄၄)အားစစ်ဆေး ဆောင်ရွက်ထားခြင်းကို လည်းကောင်း၊ ဦးရန်နိုင်ဝင်းက Child Development နှင့်ပတ်သက်၍ ရှင်းလင်း ပြေားကြားရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကော်မတီအဖွဲ့ဝင်များ ကလေးသူငယ်အခွင့်အရေးကို အလေးထားကာ လုပ်ဆောင်ရန်နှင့်ကော်မတီအဖွဲ့ဝင်များ ပေါင်းစပ် ဖြေရှင်းနိုင်ရန်လစဉ် အစည်းအဝေးဆုံဖြတ်ချက်နှင့်အညီ ဆောင်ရွက်ကြစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရ သည်။
ဇော်ဝင်းအောင်(ခရိုင်)