စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) များစတင်ထိုးနှံပေး

စဉ့်ကိုင်     မတ်   ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ဆေးများကို အသက်(၆၅)   အထက်ပြည်သူများအား (Booster Dose )ကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးလျက်ရှိရာ ယနေ့  (၂၈၀)ဦး ထိုးနှံ ပေးပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ (Booster Dose )ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ၀န်ထမ်းများ၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာ သက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး(ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြု ကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင်ကာကွယ်  တားဆီးနိုင်စေရန်နှင့်    ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက် ပြည်သူများ သိရှိ လိုက်နာစေရန်၊ အသံချဲ့စက်မျာ၊ Hand  Spaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊   ဒေသန္တာရ  စည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များ  အတိုင်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ (၃)ရက်နေ့  အထိ   First Dose   (၆၆၁၄)ဦး    Second Dose   (၅၇၄၅၃)ဦးနှင့်Third Dose ( Booster  Dose)(၁၂၃၇) ဦးအားထိုးနှံပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးတစ်ကြိမ် မျှထိုးနှံခြင်းမရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညိုညို၀င်း(စဉ့်ကိုင်)