ကျွန်းစုမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု၊ မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့များက ခရီးသွားပြည်သူများအား Non-Contact Infrared Thermometer ဖြင့် အဖျားရောဂါ ရှိ/မရှိ၊ ကိုယ်အပူချိန်မြင့်တက်နေခြင်း ရှိ/မရှိ စမ်းသပ်တိုင်းတာ စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပြီး ဆိပ်ခံတံတားတွင် အများပြည်သူများ အသုံးပြုနိုင်ရန် ပြုလုပ်ထားသော လက်ဆေးစင်(၂)ခု၌ ရောဂါကာကွယ်နိုင်ရေးအတွက် ခရီးသွား ပြည်သူများအား စနစ်တကျလက်ဆေးခြင်းနှင့် လက်ဆေးခြင်း၏ ကောင်းကျိုးများ၊ ရောဂါကုသခြင်းထက် ကာကွယ်ခြင်း က အရေးကြီးပုံများတို့အား အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)