ဝါးခယ်မမြို့နယ်၌ကိုဗစ်-၁၉ကာကွယ်​ဆေးရာနှုန်းပြည့်ထိုးနှံနိုင်​ရေး​လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဝါးခယ်မ မတ် ၅

ဧရာဝတီတိုင်း​ဒေသကြီး၊​​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်​နေ့နံနက်၁၀နာရီနှင့် ည​နေ ၄ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့​အဖွဲ့ဝင်များ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများနှင့်စာ ရေးဝန်ထမ်းများကို ဧပြီလအတွင်းအသက်(၁၈)နှစ်အထက်ပြည် သူများအားကိုဗစ်-၁၉ ကာကွယ်​​ဆေးရာနှုန်းပြည့် ထိုးနှံနိုင်​ရရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ‌ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါအစည်းအ​ဝေးတွင်လုပ်ငန်းများ အချိန်မီအောင်မြင်စွာ ​ဆောင်ရွက်နိုင်​အတွက် သက်ဆိုင် ရာ​ဆေးထိုး စုရပ်များတွင် သတ်မှတ်လူဦး​ရေအလိုက်အပြည့်အဝထိုးနှံနိုင် ရေးအနီးကပ် ကြီးကြပ်နိုင်ရန် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကိုဗစ်​ကော်မတီအဖွဲ့ဝင်များ၊​ဆေးထိုးအဖွဲ့များ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများ စာရေးဝန်ထမ်းများစသည့်ပူး​ပေါင်းအဖွဲ့များ ကြီးကြပ်​ရေးအဖွဲ့များ ဖွဲ့စည်းပြီးကွင်းဆင်း​ကြပ်မတ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရ သည်။  

ရီရီလွင်(ပြန်/ဆက်ဝါးခယ်မ)