ကျောက်ဆည်မြို့ဖောင်ရွာရပ်ကွက်၌ ရှင်ပင်အေးမြအရှေ့လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းရာတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လျက်ရှိ

ကျောက်ဆည် မတ်  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများအား ကတ္တာထပ်ပိုးလွာခင်းပေးခြင်း၊ အရိပ်ရအပင်များနှင့်ပန်းအလှပင်များ စိုက်ပျိုး ခြင်း၊ ရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင် ဖောင်ရွာ ရပ်ကွက်၌ ရှင်ပင်အေးမြအရှေ့လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးရာတွင် လုပ်ငန်း များ ရာနှုန်းပြည့် ပြီးစီပြီဖြစ်သဖြင့် အိမ်ထောင်စု(၆၈၀)စု ဘက်စုံဖွံ့ဖြိုးတိုးလျက်ရှိကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၆.၉၄၉)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူပြီး သတ် မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအရှည်(၆၀၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၉)လက် မဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ဖောင်ရွာရပ်ကွက်အတွင်းမှ အိမ်ထောင်စု (၆၈၀)စု၊ လူဦးရေ(၃၇၆၁)ဦးဖြတ်သန်းသွားလာရာတွင် အချိန်ရာသီမရွေး လွယ်ကူလျင်မြန်စွာ ဖြတ် သန်း သွားလာနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်