နောင်ချို မတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းသို့ ယမန်နေ့က Oxygen Concentrator ၃ လုံးကို အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
လှုဒါန်းရာတွင် ရန်ကုန်မြို့နေ ဒေါ်အေးအေးသွင်မိသားစုမှ သဖန်းကိုင်းပရဟိတလူမှု ကူညီရေးအသင်း အတွက်လိုအပ်လျက်ရှိသော Oxygen Concentrator ၃လုံးကိုလှူဒါန်းရာ အသင်းဒုတိယ ဥက္ကဋ္ဌ ဦးမိုးဇော်ဝင်းမှမန္တလေးမြို့၌ သွားရောက်လက်ခံရယူခဲ့ကြောင်းသဖန်းကိုင်းပရဟိတဆရာတော်မှသိရသည်။
သဖန်းကိုင်းပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေး ကိစ္စများကို ဆရာတော်နှင့်အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ ၏အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံ သမားတော် (၁)ဦး၊ ဆရာဝန်(၁)ဦး၊ သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိကြောင်း၊ လူနာ များအတွက် သောက်ရေ၊သုံးရေ၊လျှပ်စစ်မီး၊အောက်ဆီဂျင်၊နေရာထိုင်ခင်း၊စားသောက်ရေး၊ ဆေးဝါး ပစ္စည်းများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြားကျန်းမာ ရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတလူမှုကူညီရေး အ သင်းထံမှသိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)