ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအလိုတော်ပြည့်ကျောင်းတိုက်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

ညောင်ဦး  မတ်  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်ဝင်းအတွင်း အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ယနေ့ နံနက် ၈ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ရှိ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦး၊ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ခရီးသွားပြည်သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများ လာရောက်ဖူးမြှော်ကြသည့်အခါ လမ်းဘေးဝဲယာမှ ဘုရားများအား ကားပေါ်မှဖြစ်စေ၊ ဆိုင်ကယ်ပေါ်မှဖြစ်စေ၊ စိတ်ကြည် လင်လန်းဆန်းစွာ ဖူးမြှော်နိုင်စေရန် အပတ်စဉ် သန့်ရှင်းရေး ပြုလုပ် ခဲ့ကြရာ ယနေ့တွင်လည်း အလိုတော် ပြည့် ကျောင်းတိုက်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြကြောင်း အမှတ်(၅) အရန် မီးသတ်တပ်ဖွဲ့မှ ဦးဖိုးသားထံက သိရသည်။

ညောင်ဦးမြို့ပေါ်နှင့်ပုဂံမြို့ပေါ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အရေးပေါ်မီး ငြှိမ်း သတ်တာဝန်များကို  ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူမှုကူညီရေးပရဟိတလုပ်ငန်းများကိုလည်း အချိန်၊နေရာ၊ဒေသမရွေး ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းမှသည် ယနေ့ထက်တိုင် စွမ်းစွမ်းတမံကူညီလုပ်ကိုင်ပေးနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြစ်ကာ ကူညီပေးနိုင်မည့်ဖုန်းနံပါတ် များကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရပ်ကွက်အလိုက် အရန်မီးသတ် Page များလွှင့်တင်ကာလုပ်ငန်း ဆောင်တာများဖော် ပြပေးလျက် ရှိကြောင်း အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ ဦးဖိုးသားမှ ပြောကြား၍သိရကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသန့်ရှင်းသာယာလှပစေရေး ပေါက်ပြား၊ထွန်ယက်၊ မြက်ရှင်းစက်များ၊ လမ်းပိတ်စို့မှုဖြစ်ပေါ်ချိန်အရေးပေါ်ရှင်းလင်းရန် ချိန်းဆောများ၊ မိုးရာသီ ဘုရားများအတွင်း ရေထုတ်ရှင်းလင်းရန် ရေစုပ်မီးစက်များကို အမှတ် (၁)၊(၂)(၃)၊(၄)၊ (၅)၊ (၆)အရန်မီးသတ်တပ်ဖွဲ့တို့ကိုဆက်သွယ်လှူဒါန်းနိုင်ကြောင်း အမှတ်(၅)အရန်မီး သတ်တပ်ဖွဲ့မှ ဦးဖိုးသား ဖုန်း ၀၉-၄၀၁၃၄၄၀၇၅ သော် လည်းကောင်း၊ ညောင်ဦးမြို့နယ်မီး သတ်ဦးစီးမှူး ဦးကျော်မင်းသူ ဖုန်း ၀၉-၄၀၂၇၅၃၈၉၆ မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD