မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆက်လက်ဆောင်ရွက်

မိုင်းလုံ  မတ်  ၇

မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်က မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ် အလိုက်ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယို ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးပေးပြီး၊ ကလေးငယ် များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်  ကလေးတစ်ဦးအုပ်ထိန်းသူ မိဘတစ်ဦးသာလာရန်၊ နှာခေါင်းစည်း (Mask) များတပ်ဆင်လာကြရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)