တံတားဦးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

တံတားဦး  မတ်   ၇

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းလူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ကျင်းပကြောင်း သိရသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ တိုးပွားလာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲကို မိမိတို့ စိတ်ကြိုက် ဆေးရောင်များဖြင့် ခြယ်သကြပြီး  ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများက တပ်မတော်နေ့အကြောင်း သိကောင်းစရာ စာအုပ်စာစောင် များကို လေ့လာဖတ်ရှုကြကြောင်းသိရသည်။

ဦးရဲတင့်