တံတားဦး မတ် ၇
ကျောက်ဆည်ခရိုင် တံတာဦးမြို့နယ်တွင် နွေသီးနှံများ ဓါတ်မြေဩဇာ များကို အကျိုးရှိစွာတနစ်တကျ အသုံးပြုကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့နယ်တွင် နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးမည်ဖြစ်ကြောင်း၊ နွေစပါးကို (၁၁၅)ဧကစိုက်ပျိုးမည် ဖြစ်ပြီး ရေသောက်နည်းလမ်းအနေဖြင့် မြစ်ရေတင် (၂၅)ဧကနှင့် မုရင်စပါး(ဧက(၉၀) စိုက်ပျိုး မည်ဖြစ်ကြောင်း မြို့နယ်စိုကပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် ရည်ရွယ်ပြီး တစ်ဧကလျှင် စပါးတင်း(၁၂၀)ထွက်ရှိရေး ဧက(၅၀)ကို တောင်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီဖူလုံရေးအတွက် နွေနှမ်းသီးနှံ ဧက (၅၀၀)စိုက် ပျိုးမည်ဖြစ်ကြောင်း၊ နွေနှမ်းကို ချောင်းမနက်ဆည်မှ ဧက(၃၀၀)၊ ပြူကန်ကန်မှ ဧက(၂၀၀)စုစုပေါင်းဧက (၅၀၀)စိုက်မည် ဖြစ်ကြောင်း တံတား ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကျော်ညွန့် ထံမှသိရသည်။
နွေသီးနှံများ ပိုမိုထွက်ရှိရေးအတွက် ဓါတ်မြေဩဇာများ အကျိုးရှိစွာသုံးစွဲပြုနည်းအတွက် စပါးသီးနှံတွင် အဓိကလိုအပ်သည့် အဟာရသုံးမျိုးဖြစ်သော ယူရီးယားဓါတ်မြေဩဇာ၊ ဖော့စဖိတ် ဓါတ်မြေ ဩဇာနှင့် ပိုတက်ဓါတ်မြေဩဇာ တို့ကိုမဖြစ်မနေ သုံးစွဲပေးရမည်ဖြစ်ကြောင်း၊ သုံးစွဲသည့်နေရာတွင် စပါးများ အထွက်တိုးရေးအတွက် စပါးပင်များ မစိုက်ပျိုးမီ ဖော့စဖိတ်ဓါတ်မြေဩဇာနှင့် ပိုတက် ဓါတ်မြေဩဇာများ အသုံးပြုရမည်ဖြစ်ပြီး စိုက်ပျိုးပြီးပါက ယူရီးယား ဓါတ်မြေဩဇာကိုအလီလီခွဲ၍ အသုံးပြုရမည် ဖြစ်ကြောင်း၊ စပါးများပိုမိုထွက်ရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာနှင့် ပိုတက်ဓါတ်မြေ ဩဇာများကို ရော၍ အသုံးပြုရမည်ဖြစ်ကြောင်း၊ စပါးပင်များမစိုက်ပျိုးမီ တစ်ဧကလျှင် ဖော့စဖိတ်ဓါတ်မြေဩဇာ အိတ်ဝက်နှုန်းနှင့် ပိုတက်ဓါမြေဩဇာကို အတ်၏လေးပုံတစ်ပုံကို ထည့်သွင်းပေးရမည်ဖြစ်ကြောင်း၊ စပါးများ အထွက်နှုန်းရရှိရန် ကောက်ကွက်၊ အပင်ပွားနှုန်း၊ အစေ့အရေအတွက်၊ အောင်စေ့၏ ရာနှုန်းများပေါ်တွင် မူတည်ပါကြောင်း၊ သို့အတွက်ကြောင့်၊ အပင်ပွားနှုန်းများရေးနှင့် အောင်စေ့များ များပြားနိုင်ရေးတို့အတွက် ဓါတ်မြေဩဇာများ အချိန်မီအကျိုးကျစွာ သုံးစွဲသင့် ကြောင်း၊ ယူရီးယား ဓါတ်မြေဩ ဇာတစ်ဆ၊ မြေဆွေးသုံးဆတို့ရောပြီး တစ်ရက်ထားရှိကာ နောက်တစ်နေ့တွင် အသုံးပြုသင့်ပါကြောင်း စပါးအထွက်နှုန်း တိုးပွားရေးအတွက် နည်ပညာများ ဇြန့်ဝေထားကြောင်း သိရသည်။
ဦးရဲတင့်