ချမ်းအေးသာစံ မတ် ၇
ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ် စီမံချက် ဆွေးနွေးခြင်းကို ယနေ့ နံနက် ၈နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (အဖွဲ့ဝင်) မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်မာဝင်းက မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက် ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများ၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်း နှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ် စီမံချက်အဖြစ် သီရိဟေမာ အရှေ့ရပ်ကွက်၊ ချမ်းအေးသာစံ အရှေ့ရပ်ကွက်၊ အောင်နန်းရိပ်သာ အရှေ့ ရပ်ကွက်၊ ပတ်ကုန်းဝန်းကျင် ရပ်ကွက်၊ ပြည်ကြီးပျော်ဖွယ်အနောက်ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ဒေးဝန်းအနောက် ရပ်ကွက်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊ ဟေမာဇလရပ်ကွက်နှင့် ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်