ကရသူရိ မတ်လ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြည်သူ့ဆေးရုံး၌ ဒေသခံမိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/စာရေးနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပါဝင်ပြီး အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးပထမအကြိမ်ထိုးနှံပေးခြင်း၊ ပထမအကြိမ်ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကို ကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)