လဲချားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ (၂၂၆) ဦးဝင်ရောက် ဖြေဆိုမည်

လဲချား  မတ်  ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၂၆) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (အထက) လဲချား စာစစ်ဌာနတစ်ခုတွင် ဖြေဆိုမည် ဖြစ်ပြီး အတွဲ (၁) နှင့် အတ ွဲ(၇) ဘာသာရပ်များကို ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုမည့် ကျောင်းသား(၇၀)၊ ကျောင်းသူ(၁၅၆) ဦး၊ စုစုပေါင်း (၂၂၆) ဦးဝင်ရောက်ဖြေဆိုမည်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လွှမ်းသူနောင် (လဲချား)