ဝမ်းတွင်း မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၁၃၅)ဦးဝင်ရောက်ဖြေဆိုကြမည် ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်၂၀၂၂ခုနှစ်မတ်လ၌ ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စာစစ်ဌာနများဖြစ်သည့်အထက(ဝမ်းတွင်း)တွင်(၂၄၄)ဦး၊အထက (သဲတော)တွင်(၂၄၀)ဦး၊ အထက (ဒိုင်ကောင်းကုန်း)တွင်(၂၀၀)ဦး၊ အထက(သဘွတ်ကုန်း)တွင် (၅၄)ဦး၊ အထက (တမာကုန်း)တွင်(၁၂၁)ဦး၊အထက(ဆပ်ခင်း)(၅၆)ဦး၊အထက(ရွာသစ်)တွင်(၁၁၂)ဦး၊အထက(ပင်းတလဲ)တွင်(၁၀၈)ဦးတို့ ဖြစ်ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီး ဖြစ်ကြောင်း သိရ သည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့်၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၈)ခု၊ ဖြေဆိုကျောင်းသား/ကျောင်းသူအနေဖြင့် အတွင်းဖြေ(၇၆၂)ဦး၊ အပြင်ဖြေ (၃၇၃)ဦး၊ စုစုပေါင်း (၁၁၃၅) ဦးဖြစ်ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)