မိတ္ထီလာ မတ် ၇
မိတ္ထီလာခရိုင်အတွင်းတည်ရှိပြီးတပေါင်းလပြည့်နေ့တိုင်းနှစ်စဉ်ကျင်းပလေ့ရှိသည့် သိမ်ကိုးသိမ် လှည့်လည် ပူဇော်ပွဲအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပခြင်းမပြုဘဲ အဆိုပါ သိမ်များ၌ (၁၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်တပေါင်းလပြည့်တိုင်းကျင်းပမြဲဖြစ်တဲ့ သိမ်ကိုးသိမ် လှည့်လည်ပူဇော်ပွဲကို ဒီနှစ် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိပါဘူး။ သိမ်ကိုးသိမ် လှည့်လည်ပူဇော်ပွဲနဲ့အတူ ကျင်းပလေ့ရှိတဲ့ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကိုတော့ ဒီနှစ် ၁၆ ကြိမ်မြောက်ကျင်းပသွားမှာ ဖြစ်ပါ တယ်။ တပေါင်းလပြည့်နေ့ မတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး သိမ်ကိုးသိမ် စလုံးမှာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပြိုင်တည်းကျင်းပမှာဖြစ်ပါတယ်။ တပေါင်းလပြည်နေ့ကနေ တပေါင်းလ ပြည့် ကျော် ၄ ရက်နေ့အထိ ငါးရက်တိုင် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်ဟု ခရိုင်မြို့နယ် သိမ်ကိုးသိမ် အကျိုးဆောင်အဖွဲ ဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။ သိမ်ကိုးသိမ် လှည့်လည်ပူဇော်ပွဲအား ၂ဝ၁၉ ခုနှစ်မတ်လ ၅ ရက်နေ့( တပေါင်းလပြည့်နေ့)၌(ပုံ) နောက်ဆုံး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သိမ်ကိုးသိမ်မှာ မိတ္ထီလာမြိုနယ်အတွင်း ခုနစ်သိမ်နှင့် သာစည်မြိုနယ်အတွင်း နှစ်သိမ်တည်ရှိပြီး ပုဂံခေတ် ရှင်အရဟံနှင့် ရဟန္တာမထေရ်မြတ်များ တစ်ပြိုင်နက် သိမ်သမုတ် တော်မူခဲ့သည့် သိမ်များဖြစ် ကြောင်းသမိုင်း မှတ်တမ်းများ အရသိရသည်။
ချမ်းသာ