နွားထိုးကြီး မတ် ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော Covid shield အမျိုး အစားဖြစ်ပြီး အသက် (၁၈)နှစ်အထက် ပြည်သူများကို ဆေး တစ်လုံးလျှင် လူ (၁၁) ဦး 11 Dose ထိုးနှံလျက်ရှိပြီး အသက် (၁၈) နှစ်အထက် ပြည်သူ (၇၆၄)ဦး ထိုးနှံပြီး စုစုပေါင်း (၇၆၀၈၂) ဦး ဆေးထိုးပြီး ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ် ကြောင်းသိရသည်။
သန်းအောင်ဇော်