မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မံစီ မတ်လ ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ စောဒေးဗစ် ‌ရေးသားထားသည့် “ ပစ်မှတ်၏ ဗဟိုချက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား၍ စာပေချစ်မြတ်နိုးသူ အချင်းချင်းပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် စာပေဝါသနာရှင်များကစာရေးဆရာ စောဒေးဗစ် ‌ရေးသားထားသည့် “ပစ်မှတ်၏ ဗဟိုချက်” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ ခေါင်းစဉ်တစ်ခုစီဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ၊ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)