တနင်္သာရီမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

တနင်္သာရီ မတ်  

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန နှင့်မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)ရေးသားသော "အောင်မြင်သူတို့ရဲ့ အပြုအမူ"စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီ၃၀အချိန်က လူထုအခြေပြုဗဟို ဌာန (Community Centre)အတွင်း ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့တက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးထိန်ဝင်းက စာဖတ်ခြင်းဖြင့် ဗဟုသုတတိုးပွားပြီး အတွေးအခေါ် ရင့်သန်မည်ဖြစ်ကြောင်း၊ အမှား/အမှန်ကို ဝေဖန်ပိုင်း ခြားနိုင်မည်ဖြစ်ပြီး စာပေရဲရင့် ပွဲလည်တင့်၍ စာဖတ် သူအချင်းချင်းလဲ အသိအမြင် ဖလှယ် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိ မည်ဖြစ်ကြောင်း၊ ယနေ့စာဖတ်ဝိုင်း၌အောင်မြင်သူတို့ရဲ့ အပြုအမူများခေါင်းစဉ်ကိုရွေးချယ် ဆွေးနွေးပြော ကြားပေးသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း(တက္ကသိုလ်သန်းစိုးဝင်း)က လူကြီးဖြစ်လာကြမည့် လူငယ်များသို့ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသူ/သားအရွယ် လူငယ်များအတွက် အကျိုးများစေရန် ဆွေးနွေးပြောကြားပေးသည်။ ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် အထက-တနင်္သာရီမှ အလယ်တန်းအဆင့်ကျောင်းသူ/သား (၈)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးပေးကြသည်။  ထို့နောက် အဆိုပါ ကျောင်းသား/သူများသည်မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက် (၉)ရပ်နှင့်ကူးစက်မှုနှုန်းမြင့်တက် နေသော ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)