ထားဝယ် မတ် ၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ် မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးဝင်းနိုင်က ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် အသက် ၁၈ နှစ် ပြည့်ပြီးသူစာရင်းများကို ကောက်ယူသွားမည် ဖြစ်ပြီးစာရင်းကောက်ယူသည့်နေရာတွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန်ကျန်ရှိခြင်း ရှိမရှိတို့ကို မေးမြန်း၍ ဆေးမထိုးနှံရသေးသောသူများကို ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်မရှိပါက ပန်းခင်းစီမံချက်ဖြင့်မှတ်ပုံတင်ပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း၊ လက်ရှိတွင် ကိုယ်ဝန်ဆောင်နှင့် နှလုံးသွေးတိုး ဆီးချိုရှိသူများကိုပါ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ တက်ရောက် လာသူများအနေဖြင့် စာရင်းကောက်ယူသည့်နေရာတွင် လိုအပ်ချက်များရှိပါကရှင်းလင်းတင်ပြ ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ မိမိတို့တာဝန်ကျ ရပ်ကွက်ကျေးရွာများကို အချိန်မီ ပြီးစီးရေး ဆောင်ရွက်ပေး ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက စာရင်းကောက်ယူရေးနှင့်ပတ်သက်ပြီး ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် တာဝန်များခွဲဝေသတ်မှတ်ခဲ့ကြပြီး သိရှိလို သည်များကို မေးမြန်းရာ ထားဝယ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)