စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ

ညောင်ဦး   မတ်   ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း Book Club ၏စာပေရေးရာဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ကစာပေဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးဘိုသိန်း၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်တို့ကအမှာစကားပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ)ရေးသားသည့် ကလေးကိုချစ်ရင် မခြောက်ပါနှင့် စာအုပ်ပါ ခေါင်းစဉ် အပိုဒ်ခွဲအား စာအုပ်စာပေချစ်မြတ်နိုးသူများက ဆွေးနွေးကြသည်။ ထိုစာအုပ်တွင် မာတိကာပါ ခေါင်းစဉ်ခွဲ ၂၉ ခုခွဲခြမ်းစိတ်ဖြာရေးသားပါရှိပြီး စာမျက်နှာ ၁၅၂မျက်နှာပါ ရှိကြောင်း သိရသည်။

ကိုထိန်၊KPD