ညောင်ဦး မတ် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၄၀၀၀၇၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိ ရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၈၃၇၉၅ဦး၊ Sinovac ပထမအကြိမ် ၃၈၅၆ဦး၊ Sinovac ဒုတိယအကြိမ် ၃၆၁၁ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၄၃၅၆)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၆၂၉ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest) ပထမအကြိမ် ၁၆၈၉ဦး၊ Sputnik Light (Booster)၁၃၁၁ဦး၊Booter Covaxin ၂၂၀ဦး၊ Phase -8 Covisheld ပထမအကြိမ် ၃၇၄ဦး၊ Phase 8 Sinopharm (-)ဦး၊ ထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုး ပေးနိုင်မှု ၁၉၈၁၈၁ ဦးထိုးပေး နိုင်ပြီဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ Sinopharm ဒုတိယ အကြိမ် ၇၅၁၂၄ ဦး၊ Sinovac ပထမအကြိမ် ၅၂၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ဦး၊ Phase -6 Covisheld ပထမအကြိမ် ၆၇၁၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ် ၄၃၃၄ ဦး၊ Phase -7 Covisheld ပထမအကြိမ် ၄၅၃၂ဦး၊ Booster Sinopharm (၅၀ )ဦး၊ Phase -7 Sputnik Light (First Doest) ၁၆၃၀ဦး၊Pharse-7 Covsheld ၈၁၄ ဦး၊ Sputnik Light (Booster)(၂၃၇၀)ဦး၊Booter Covaxin(-) ဦး၊ Phase -8 Covisheld ပထမအကြိမ် (၁၄၉၆)ဦး၊Phase-8 Sinopham (-)ဦး၊ထိုးနှံပေးပြီးဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှု ၂၀၁၈၉၀ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၄၀၀၀၇၁ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့်လာရောက်ဆေးထိုးရန် မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးလွင် ကရှင်းပြ၍သိရသည်။
ကိုထိန်၊KPD