မိုင်းပျဉ်း သြဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မစျေး အတွင်းနှင့် ယာယီပျံကျစျေးတို့တွင် စျေးရောင်း၊ စျေးဝယ်သူများ၊ ရောဂါပိုးကူးစက်ပျံ့ပွားမှု မရှိစေရေး နှာခေါင်း စည်းများ တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးဌာန အမှုဆောင် အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစျေးအတွင်းနှင့် ယာယီပျံကျစျေးတို့တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာ ဆောင်ရွက် ရန် စျေးသည်များ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်ရောင်းချရေး၊ စျေးအတွင်းသို့ နှာခေါင်းစည်များ တပ်ဆင်ပြီးမှသာ စျေးဝယ်ယူစေခြင်းများကို အသိပညာပေးပြောကြားခဲ့သည်။
ထို့အပြင် တာတန်ရှိသူများက နှာခေါင်းစည်း တပ်ဆင်မလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့် ဝေပေးပြီး ချက်ချင်း တပ်ဆင်စေခဲ့ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)