ခမောက်ကြီးမြို့တွင် ရပ်ကွက်ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအားဆက်လက်ထိုးနှံပေး

ခမောက်ကြီး မတ်လ ၈

တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးနှံရသေးသောသူများအား ရပ်ကွက်ကျေးရွာ ဆေးထိုးစုရပ်များအလိုက် ယမန့်နေ့နှင့် ယနေ့၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်း မြို့နယ်၊ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများမှ အိန္ဒိယနိုင်ငံထုတ် (Covishield B.No.4121 MC154)  ကိုဗစ်ရောဂါ ဆေးများကို ဆေးတစ်လုံးလျှင်(၁၁)ဦးနှုန်းဖြင့်  ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များအလိုက် ဆေးများထိုးနှံပေးခြင်း ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ စာရင်းဇယားပြုစုခြင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ  ဝန်ထမ်းများက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)