မိတ္ထီလာ မတ် ၈
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာနခန်းမ၌ ခရိုင်ပြန်/ဆက်ရုံးနှင့်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနတို့ပူးပေါင်းဆောင်ရွက်သောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဒီနေ့ကျင်းပပြုလုပ်တာကတော့ ခရိုင်ပြန်/ဆက်နဲ့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပွဲဖြစ်ပါတယ်။ ခရိုင်ပြန်/ဆက်အနေနဲ့ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းပြီး ပြည်သူတွေသိသင့်ထိုက်တဲ့ အသိပညာဗဟုသုတတွေရရှိ အောင် အလားတူ အသိပညာပေး Talk Show အစီအစဉ်တွေကို ရိုက်ကူးပြီး အွန်လိုင်းကတဆင့် တင်ဆက် ပညာပေးလျက်ရှိပါတယ်။ မိတ္ထီလာခရိုင်ပြန်/ဆက် ဦးစီးဌာနက ရိုက်ကူးတင်ဆက်လျက်ရှိတဲ့ အသိပညာပေး Talk Show အစီအစဉ်တွေ We Love Meikhtila အမည်နဲ့ Facebook Pageမှာ ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်ပါတယ်ဟု ခရိုင်ပြန်/ဆက်ရုံးမှ ဒုတိယဦးစီးမှူးဒေါ်ဌေးဌေးကြည်ကပြောသည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူအဖြစ် ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်က ဆောင်ရွက်ပြီး မိုးကြိုးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်လိုက်နာကာကွယ် ဆောင်ရွက်ရမည့်အသိပညာဗဟုသုတများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေး အောင်က ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ချမ်းသာ