ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    မတ်   ၈

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံမှ (၅၈၁)ဦး၊ မြို့သာဇုံမှ (၅၇၅)ဦး၊ ငါန်းမြာဇုံမှ (၈၈)ဦး၊ ခြင်္သေ့ လက်ဇုံမှ (၂၅၀)ဦး၊ သားကျင်ဇုံမှ (၉၅)ဦး၊ ဂျိုဇုံမှ (၅၈)ဦး၊ သံဘိုဇုံမှ (၉၄)ဦး၊ ရေလည်သောင်ဇုံမှ (၂၂)ဦးနှင့် ကုလားရွာဇုံမှ (၂၅၃)ဦး မြို့နယ်အတွင်းဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ စုစုပေါင်း(၂၀၁၆)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ရက်နေ့မှ ၇ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ပထမ အကြိမ်(၄၆၂၀)ဦး ထိုးနှံပြီးကြောင်း သိရသည်။                                                     

သက်နောင်ဦး(ငါန်းဇွန်)