နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားသတ္တမအသုတ်ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ

နွားထိုးကြီး   မတ်  

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စ၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာအိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော Covid shleld အမျိုး အစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေး တစ်လုံးလျှင် လူ (၁၁)ဦး 11 Dose ထိုးနှံ လျက်ရှိပြီး အသက်(၁၈)နှစ် အထက်ပြည်သူ (၆၆၆)ဦး ထိုးနှံပြီး စုစုပေါင်း (၇၆၇၄၈)  ဦး ဆေးထိုးပြီး ဖြစ်ကြောင်း မြို့နယ် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် များ၊ မြို့နယ်ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

သန်းအောင်ဇော်