ကျောက်ဆည်မြို့နယ်တွင်အခြေခံရှေးဦးပြုစုခြင်းသင်တန်းသားများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ကျောက်ဆည်   မတ်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၁/၂၀၂၂)သင်တန်းသားများအတွက် ထောက်ပံ့ ပစ္စည်းပေးအပ်ပွဲကို ယနေ့နံနက် ၁နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်က ကျောက်ဆည်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် လုပ်ငန်းများ တိုးတက်အောင်မြင်အောင်ဆောင်ရွက်ခြင်းအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း အမှာစကား ပြောကြားပြီး ကျောက်ဆည်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်သင်းပျံ့ကြူက လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထား၍  ပီပီပြင်ပြင်ပုံဖော်ဆောင်ရွက်ပေးခြင်းအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းဖြစ်ရာ ကျေးဇူးတင်ရှိကြောင်းနှင့်ကျေနပ်အားရမှု ဖြစ်မိ ကြောင်းပြောကြားခဲ့သည်။

ထို့နောက်ထောက်ပံ့ပစ္စည်းများကို  မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အတွင်း ရေးမှူး ဦးကျော်ကျော်၊ အထောက်အကူပြုအရာရှိ ဦးထွန်းအောင်လွင်၊ စီမံချက်လက်ထောက် ဦးမျိုးဆွေနှင့်ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်သင်းပျံ့ကြူ၊ ကျောက် ဆည်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေးတို့က အခြေခံရှေးဦးပြုစု ခြင်း သင်တန်းသား (၂၆)ဦးအတွက် အခြေခံရှေးဦးပြုစုခြင်းသင်ထောက်ကူ ပစ္စည်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့်ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ ရင်ခွဲထမ်းစင်များ၊ ဆေးသေတ္တာများ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များအတွက် ဦးထုပ်များ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၂)ကို သင်တန်းသား(၂၆)ဦးဖြင့် စဉ့်ကိုင်မြို့နယ် ကံသာအေးကျေးရွာ၊ UPG ကုမ္မဏီလီမီတက်တွင် ၂၀၂၂ခုနှစ်မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး