ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ပလောက်      မတ်    ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆင်ထိုးကြီး ကျေးရွာ၊ လမ်းဆုံရှိ ထားဝယ်-မြိတ်ကား လမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့်မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ လူမျိုး၊ဘာသာမရွေး ခရီးသွားလာ သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေး သောခရီးသွား ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ဆင်ထိုးကြီး ကျေးရွာ၊ လမ်းဆုံ၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်း မင်းအောင်နှင့်ဝန်ထမ်းများ၊ ပလောက်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်ရာအိမ်မှူးများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိသူများ ကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသော ခရီးသွားပြည်သူများကို အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်