မြင်းခြံခရိုင်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၂၁) ဖြင့် စာမေးပွဲ ဖြေဆိုသူ ဦးရေ(၃၀၀၀) ကျော် ဖြေဆိုသွားမည်

မြင်းခြံ  မတ်  ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်မှ ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာစစ်ဌာန (၂၁) ဖြင့် စာမေးပွဲဖြေဆိုမည့်သူ ဦးရေ (၃၀၀၀)ကျော် ဝင်ရောက် ဖြေဆို သွားမည်ဖြစ် ကြောင်း ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်ထံမှ သိရသည်။

"မြင်းခြံမြို့နယ်မှာတော့ စာစစ်ဌာ (၂) ခုဖြစ်သည့် မြင်းခြံမြို့ အထက (၁) မှာ ကျောင်း သား/ ကျောင်းသူ ဦးရေ (၄၄၀)ဦး၊ အထက (ဆီမီးခုံ)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၆၃)ဦး၊ တောင်သာမြို့နယ်မှာ စာစစ်ဌာန (၁၁) ခုဖြစ်သည့် အထက(တောင်သာ)မှာ ကျောင်းသား/ကျောင်း သူ ဦးရေ (၃၁၄) ဦး၊ အထက(မင်းစု)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၈၂) ဦး၊ အထက (ကျောဇီ) မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၄၈) ဦး၊ အထက (ရသစ်)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၇၈) ဦး၊ အထက (ဆီမီးကန်)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၇၃) ဦး၊ အထက (ဇရပ်ကြီး)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၈၂) ဦး၊ အထက (ဇဂျမ်း)မှာ ၁၃၉ ဦး၊ အထက(ဝဲလောင်)မှာ (၁၉၆) ဦး၊ အထက (တစ်မိုက်သာ)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၇၄) ဦး၊ အထက (ရုံးစည်ကြီး) မှာ (၅၉) ဦး၊ အထက (တလိုင်းရွာသစ်)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၀၇) ဦး၊ နွားထိုးကြီးမြို့ နယ်မှာ စာစစ်ဌာန (၆) ခုဖြစ်သည့် အထက(နွားထိုးကြီး)မှာ ကျောင်းသား/ ကျောင်း သူ ဦးရေ (၁၈၄) ဦး၊ အထက (မြို့မ)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၉၉) ဦး၊ အထက (ကန်နား)မှာ ကျောင်းသား/ ကျောင်းသူ ဦးရေ (၁၁၉)ဦး၊ အထက(ပြင်စည်)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ(၁၅၅)ဦး၊ အထက (လက်ဝဲမြင်းနီ)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၁၆) ဦး၊ အထက (ဝက်လူး) မှာ ကျောင်းသား/ ကျောင်းသူ ဦးရေ (၂၁၅) ဦး၊ ငါန်းဇွန်မြို့နယ်မှာ စာစစ်ဌာန (၂) ဖြစ်သည့် အထက (ငါန်းဇွန်)မှာ ကျောင်းသား/ကျောင်းသူ ဦးရေ (၂၅၆) ဦး၊ အထက (ဂျို)မှာ ကျောင်း သား/ကျောင်းသူ ဦးရေ (၁၀၀) ဦး စုစုပေါင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့နယ်များတွင် စာစစ်ဌာန (၂၁)မှ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၃၁၉၉)ဦးရှိကြောင်း" ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က ပြောသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်တင်တန်းစာမေးပွဲတွင် မြင်းခြံမြို့မှ "စိတ်ကြိုက်မြန်မာစာ" ဝင်ရောက် ဖြေဆိုသူ (၁) ဦးရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)