သာစည် မတ် ၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ထပ်ဆောင်းကာကွယ်ဆေးအပါအဝင်ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆေးထိုးအဖွဲ့များက ဆေးထိုးစုရပ် များ၌ ယနေ့ နံနက်က ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကိုဗစ်-၁၉ကာကွယ်ဆေး အဋ္ဌမအသုတ် Covidshield ပထမအကြိမ်အဖြစ် မြို့နယ်ပြည်သူ့ဆေးရုံ၊ အင်းရွာနှင့် သမင်ဇာ ကုန်းကျေးရွာတို့တွင် ပြည်သူ ၁၆၅ ဦး ကိုလည်းကောင်း၊ကိုဗစ်-၁၉ ကာကွယ်ဆေး ဆဋ္ဌမအသုတ် Covidshield ပထမအကြိမ် ထိုးနှံထားသူ ၂၂ ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ်ကို လည်းကောင်း၊ သာစည် မြို့အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/သူ ၈၆ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး Sonovac ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အင်းရွာနှင့်ပေါက်တော ကျေးရွာတို့တွင် ပြည်သူ ၁၀၀ ဦးအားထပ်ဆောင်း ကာကွယ်ဆေး Covaxin ကိုလည်းကောင်း ဆေးထိုးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက်ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ် ဆေးများဖြစ်သည့် Sinopharm၊ Sonovac၊ Covidshield နှင့် Sputnik Light တို့ကို စုစုပေါင်း ၁၇၉၄၉၂ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေး Sputnik Light ထိုးနှံပြီးသူ ၃၃၈၃ ဦးနှင့် Covaxin ထိုးနှံပြီးသူ ၈၉၀ ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)