မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၃၁) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း

မိုင်းရှူး  မတ်  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်၌ ၂၀၂၂ ခုနှစ်မတ်လနှင့် ဧပြီလအတွင်းပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနများမှ ကျောင်းသား/ ကျောင်းသူ (၂၃၁) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြင်ပ (၆၆) ဦး၊ ကျောင်းတွင်း (၉၅) ဦး၊ ပေါင်း(၁၆၁)ဦးနှင့် ဝမ်ကန် အခြေခံပညာအထက်တန်းကျောင်းတွင် ပြင်ပ (၁၈) ဦး၊ ကျောင်းတွင်း (၅၂) ဦး၊ ပေါင်း (၇၀) ဦးရှိပြီး မိုင်းရှူး တစ်မြို့နယ်လုံး အနေဖြင့် စာစစ်ဌာန (၂) ခုမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၃၁) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)