သိန္နီ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဌာနဆိုင်ရာများစုပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက Mask စနစ်တကျတပ်ဆင်ပြီးမှ အပြင်ထွက်ကြရန်၊ အပြင်မှပြန်လာပါက လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံကြရန်၊ မလိုလားအပ်ဘဲ အပြင်မထွက်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေး၍ ဆေးကုသမှုခံယူရန်နှင့် ပြည်သူများအား ထိရောက်စွာ ကုသနိုင်ရေးအတွက် ဆက်သွယ် ရမည့် ဖုန်းနံပါတ်များကိုပါ ထည့်သွင်းကြေငြာပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)