ညောင်ဦး မတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၁၉၈၁၈၁ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိ ရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် သတ်မှတ်စုရပ်နေရာ (၁၂)နေရာဖြင့်ကိုဗစ်ကာကွယ်ဆေး များထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၈၃၇၉၅ဦး၊ Sinovac ပထမအကြိမ် ၃၈၅၆ဦး၊ Sinovac ဒုတိယအကြိမ် ၃၆၁၁ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၄၃၅၆)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၆၂၉ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest) ပထမအကြိမ် ၁၆၈၉ဦး၊ Sputnik Light (Booster)၁၃၁၁ဦး၊Booter Covaxin ၂၂၀ဦး၊ Phase-8 Covisheld ပထမအကြိမ် ၃၇၄ဦး၊ Phase 8 Sinopharm (-)ဦး၊ ထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၁၉၈၁၈၁ ဦးထိုးပေးနိုင်ပြီဖြစ်ကာ၊ ဝေးလံသည့်ဒေသ များနှင့်လာရောက်ဆေးထိုးရန် မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွား ရောက် ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ကပြော ကြားသည်။
ကိုထိန်၊KPD